Wanted!

ဒီလိုလူငယ်ပီသတဲ့၊တိုင်းပြည်ကိုတကယ်ချစ်တဲ့အနုပညာရှင်တွေဘယ်မှာလဲ။
လူတွေကိုလိမ်စားနေတဲ့အတုပညာရှင်တွေကိုရောငါတို့ က
ဘာလို့ အားပေးနေဦးမှာလဲ…..

ဇေယျာသော်(Nitric Acid)
Generation Wave

Wanted!

ဒီလိုလူငယ်ပီသတဲ့လူငယ်စစ်တွေလိုနေတယ်။ ငါတို့ အနာဂတ်အတွက်…မင်းတို့ ငါတို့ 
အဲဒီလို သတ္တိမရှိရင်……………….???
နေပါဦး ဘာလို့ ငါတို့ မင်းတို့ ကအဲလိုမဖြစ်နိုင်ရမှာလဲ???

ကျော်ကိုကို(၂၀၀၇ ဗကသခေါင်းဆောင်)

Caution! Only For New Generation Youths (not for old guys)

ရောင်းရင်းတို့ ရေ ဒီစာမျက်နှာတွေကငါတို့ ခွန်အားတွေနဲ့ ငါတို့ ရေးမယ့်သမိုင်းသစ်အတွက်
နိဒါန်းတွေပဲ။ ငါတို့ အနာဂတ်ကိုငါတို့ ပိုင်ရမယ်။ငါတို့ ရဲ့ လူငယ့်သွေးနဲ့ တိုင်းပြည်ရဲ့ 
အညစ်အကြေးတွေကိုဆေးကြောပစ်မှ ငါတို့ အိပ်မက်တွေလှမယ်ဆိုတာမမေ့ကြနဲ့ 
သွေးကြောင်လို့ ဘေးရှောင်နေခဲ့ရင်တော့… ခွေးတောင်သေးနဲ့ လှည့်ပန်းမှာမဟုတ်ဘူး…
သတ္တ၀ါတိုင်း မရှောင်နိုင်မှန်းသိရက်နဲ့ ကြောက်ရွံ့ နေတဲ့သေခြင်းကို ငါတို့ က သတ္တိရှိရှိစိန်ခေါ်ပြရမယ်။
ဆေးချပြီးမသေဘူး၊ သွေးပြပြီး တိုက်ပွဲဝင်မယ်။
ရန်စကားများပြီးအချင်းမပွားဘူး၊ အမှန်တရားအကြောင်းကိုသီချင်းလုပ်ဆိုမယ်။
ရည်းစားအတွက်တော့ အသည်းအက်မခံဘူး၊
မပြီးသေးတဲ့ပွဲ ပြတ်အောင်ဆွဲမယ်။
လူငယ့်သမိုင်းခေတ်တိုင်းမရိုင်းခဲ့တာမင်းတို့ လည်းအသိပဲ
ကဲ…ညီညီညာညာဆုတ်ဖြဲလိုက်ကြစို့ ….ဒီအမှောင်ရောင်နေ့ စွဲတွေကို…